Greeting


ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….

ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......

Saturday, January 29, 2011

A Brief Migration History of the Naga People



Naga Warriors
နာဂလူမျိုးတို့သည် ယခုမြန်မာနိုင်ငံဟုခေါ်သောအရပ်သို့ ရှေးဦးရောက် ရှိနေထိုင်ခဲ့ကြသော ဒေသခံလူမျိုး (Indigenous people) များပင်ဖြစ်ပါ သည်။ ဒေါက်တာသန်းထွန်းအဆိုအရ နာဂအုပ်စုသည် ဘီစီ ၃ ရာစု သို့မဟုတ် ထိုထက်စောစွာ မြန်မာပြည်အရပ်သို့ရောက်ရှိ သူများ ဖြစ်ကြောင်းသိရသော်လည်း၊ ဟူးကောင်း လွင်ပြင်ဒေသသို့ရောက်ရှိနေ ထိုင်ချိန်သည် ဘီစီ ၇ နှင့် ၆ ရာစုဝန်းကျင်တွင်ဖြစ်မည်ဟုယူဆရသည်
ဌင်းတို့ရောက်ရှိနေထိုင်ခဲ့သောကာလနှင့်ဝင်ရောက်လာရာ လမ်း ကြောင်းအားဖော်ပြရာတွင် သမိုင်းဆရာတို့ကြားညီညွတ်ခြင်းမရှိသည် ကိုတွေ့ရပါသည်။ မည်သို့ဆိုစေ၊ နာဂ လူမျိုးများသည် တရုတ်-တိဘက် အုပ်စုဝင် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ကြသောကြောင့်၊ အခြား တိဘက်-မြန်မာအုပ်စုဝင်တို့၏ ဘာသာစကားများနှင့်ဆင်တူမှုများရှိသည် မှာ အဆန်းမဟုတ်ပေ။

နာဂလူမျိုးတို့၏သမိုင်းများအရ ဌင်းတို့သည် ယူနန်အရပ်မှဆင်းသက် လာကြသူများဖြစ်သည်ဟုဆိုပြီး၊ မူလ ရောက်ရှိစတွင် မြန်မာပြည်မြောက်ပိုင်းဖြစ်သော ဟူးကောင်းလွင် ပြင်ဒေသ၌နေထိုင်ခဲ့ကြသည်။ မူလ၀င်ရောက်လာကြစဉ်က နာဂလူမျိုးများသည် အလုံးအရင်းဖြင့် ၀င်ရောက်လာကြသည် ဟုယုံကြည် ရသည်။ နာဂလူမျိုးတို့၏ သမိုင်းတွင် ဟူးကောင်းလွင်ပြင်မှ မိုင်းခွန်းဒေ သနှင့်ချင်းတွင်းမြစ်အတိုင်းဆုန် ဆင်းကာ၊ ဇင်္ဂလိန်း (ယခုခန္တီးမြို့) ဒေသနှင့်၊ မြန်မာနိုင်ငံအပူပိုင်းဒေသ များဖြစ်သော အလုံဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ အလုံအရပ် သည် ယခုမုံရွာမြို့၏အထက် ၇ မိုင်ခန့်အကွာ ချင်းတွင်းမြစ် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုသို့ ပြောင်းရွေ့မှုသည် ၁၃ ရာစုတွင် အဟုန် ရှမ်းနှင့်မွန်ဂိုတို့ ဟူးကောင်းလွင် ပြင်ဒေသနှင့်မြန်မာပြည်မြောက်ပိုင်း အရပ်များတွင် စစ်ခင်း ကြသောကြောင့်ဟုယူဆပါသည်။ သို့သော် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ဟူးကောင်းလွင်ပြင်ဒေသသည် ပထ၀ီအနေအထားအရ အလွန်အရေးပါသောအရပ်ဒေသဖြစ်သည်။ မြောက် ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများနှင့်ရေခဲဖုံးလွှမ်းနေသည့် ရေခဲတောင်ကြီးများဖြင့်ကာဆီးထား သည့် သဘာဝတံတိုင်းကြီးများကြောင့်လည်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြားတိုက်ရိုက်ဆက်သွယ်ရေးကို နှေင့်နှေးစေ ခဲ့သည်။ ထို့ကြောင့်ပင်ဟူးကောင်းလွင်ပြင်ဒေသသည် နောင်အခါတွင်နှစ်နိုင်ငံဆက်သွယ်ရေး အတွက်အရေးပါ သည့်ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာခဲ့သည်။ သမိုင်းမှတ်တမ်းများအရ အေဒီ ၇ တွင် ဟူးကောင်းလွင်ပြင် ဒေသ၌ တရုတ်-အာရှကုန်သွယ်မှုထွန်းကားခဲ့သည်ဟုသိရသည်။

နာဂတို့သည် ၁၃ ရာစုတွင် မွန်ဂိုတို့သိမ်းပိုက်မှုကြောင့်နန်ချောင်ပြည်ပြိုကွဲပြီးနောက် တောင်ပိုင်းသို့ပြိုဆင်း လာသော နန်ချောင်ရှမ်းတို့နှင့် ဟူးကောင်းအရပ်တွင်ထိပ်တိုက်တွေ့မှုများရှိခဲ့သကဲ့သို့ မြန်မာပြည်အလယ် ပိုင်း တွင်လည်း ဌင်းတို့၏တိုက်ခိုက်သိမ်းပိုက်မှုများကိုကြုံခဲ့ရသည်။ အေဒီ ၈၃၂ ခုနှစ်တွင် နန်ချောင်ရှမ်းတို့ တိုက်သဖြင့် ပျူမြို့တော်ပျက်သုန်းရပြီး ၁၈၃၅ တွင် အခြားသောမြို့ပြနိုင်ငံများပါကျဆုံးခဲ့ရသည်။ မြန်မာ ပြည် အလယ်ပိုင်းတွင် အင်အားကြီးမားသော ရှမ်းညီနောင်သုံးဦးတို့က မြင်ဆိုင်းပြည်ကြီးအားတည်ထောင် အုပ်ချုပ်ပြီးနောက်တွင် ဒေသအတွင်းစူပါပါဝါမြို့ပြနိုင်ငံတော်ကြီးဖြစ်လာခဲ့ပြီး သက္ကရာဇ် ၁၃၀၀ ခုနှစ်တွင်  မွန်ဂိုတို့နှင့်စစ်ခင်းသည်။ နန်ချောင်အရပ် (ယခုယူနန်နယ်)သည် အေဒီ ရာစုမှ ၁၀ ရာစုအတွင်း အင်အား ကြီးမားသော တိုင်းပြည်တစ်ခုဖြစ်လာပြီး မြန်မာ့သမိုင်းတွင် ဂန္ဓာလရာဇ် အဖြစ်ထင်ရှားသည်။

တကောင်းပြည်အား မွန်ဂိုတို့က ၁၂၈၄ ဇန်န၀ါလတွင်သိမ်းပိုက်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းဒေသများ သည် မွန်ဂိုတို့၏လက်အောင်နယ်မြေများဖြစ်ခဲ့ရသည်။ ထိုစစ်ပွဲများကြောင့် နာဂတို့၏မြောက်ပိုင်းနှင့် အနောက်ဘက်တောင်တန်းများသို့ရွေ့ပြောင်းမှုများစတင်ခဲ့သည်ဟုယူဆပါသည်။ နောင်အခါတွင် မွန်ဂိုတို့ က ယခုအထက်မြန်မာပြည်အရပ်ဒေသများအား အုပ်ချုပ်ရေးနယ်မြေသစ်တစ်ရပ်တည်ထောင်ကာ တရုတ် အုပ်ချုပ်ရေး အရာရှိများအားအုပ်ချုပ်စေခဲ့သည်။ ထိုအုပ်ချုပ်ရေးနယ်မြေသစ်ကို တရုတ်တို့က ကျဲန်မိ-အင် ဟုခေါ်ကြောင်း မှတ်သားရပါသည်။ သို့သော်လည်း၊ မြင်ဆိုင်းသားတို့နှင့်ထပ်မံစစ်ခင်းပြီး ဌင်းတို့တပ် ဆုတ်သည့် ၁၃၀၃ ခုနှစ် ဧပြီလတွင် အဆိုပါ မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေကိုတရားဝင် ဖျက်သိမ်းပစ်ခဲ့ သည်။

မွန်ဂိုတို့နှင့်လည်းကောင်း၊ ရှမ်းတို့နှင့်လည်းကောင်း ထိုကာလများအတွင်း ထိတွေ့မှုများရှိခဲ့သည့် နာဂတို့ သည် စစ်ရေးဆိုင်ရာယဉ်ကျေးမှုနှင့်အတတ်ပညာများကို တတ်မြောက်ခဲ့ဟန်တူသည်။ နာဂရိုးယဉ်ကျေးမှု တွင် စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုတို့ဖြင့်သာလွှမ်းမိုးထားသည်ကိုတွေ့ရပါသည်။ ယနေ့နာဂလူမျိုးတို့၏ရိုးရာ ဦးထုပ် (စစ်ဦးထုပ်) သည် ထိုခေတ်မွန်ဂိုစစ်သူရဲများဆောင်းသည့် ထိပ်ချွန်စစ်ဦးထုပ်နှင့်ဆင်သည်ကို လည်းလေ့လာ တွေ့ရှိရပါသည်။ ရာစုနှစ်ပေါင်းများစွာပြင်ပ ကမ္ဘာနှင့်ထိတွေ့မှုအလွန်နည်းပါးခဲ့သော နာဂ လူမျိုးများတွင် သေသပ်လှပ၍ အနုပညာမြောက်လှသော လူမှုအသုံးအဆောင်များနှင့်စစ်ရေး အသုံး အဆောင်များတို့ကို ကျွမ်းကျင်စွာပြုလုပ်နိုင်သည့် ပန်းပဲ၊ ပန်းပုပညာနှင့် ယက်ကန်းအတတ်တို့ရှိနေ ခြင်းက အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ဌင်းတို့အဘယ်သို့တတ်မြောက်ခဲ့ပါသနည်း။  

နာဂလူမျိုးတို့သည် တောင်ပိုင်းအရပ်များဖြစ်သော အလယ်ပိုင်းဒေသများတွင် ကျောက်ခေတ်နှောင်းပိုင်းကာလ များဖြစ်သော ဘီစီ ၈၀၀၀ နှင့် ၅၀၀၀ ကြားကပင်နေထိုင်ခဲ့ကြပြီး၊ ထိုအရပ်များတွင်ဖြစ်ပေါ်သော နိုင်ငံရေး စစ်ရေးအခြေအနေများကြောင့်၊ ချင်းတွင်းမြစ်အတိုင်းနောက်ပြန်ဆုတ်ကာ သောင်သွတ် (Samsok) အရပ်သို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ သောင်သွတ်အရပ်သည် နာဂလူမျိုးများတစ်စုတစ်စည်းတည်း အဖြစ်နောက်ဆုံးနေ ထိုင်ခဲ့ရာအရပ်ဖြစ်သောကြောင့်၊ သမိုင်းကြောင်းအရ အရေးကြီသော မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ထိုအရပ်မှ၊ နောင်တွင် အုပ်စုများဖွဲ့၍ အခြားအရပ်ဒေသများသို့ထွက်ခွာခဲ့ကြသည်။ အုပ်စုအများပိုင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိတောင်တန်းများဘက်သို့ထွက်ခွာခဲ့ကြရာမှ ယခုနာဂလင်းဂ်ပြည်နယ်ရှိအရပ်ဒေသ များသို့ရောက်သည်။ ထိုအရပ်မှ အုပ်စုအချို့က နောင်အခါ မြန်မာပြည်ဘက်ပိုင်းတွင်ကျရောက်သော နာဂ တောင်တန်းများဘက်သို့ အင်္ဂလိပ်တို့မြန်မာပြည်အား မသိမ်းပိုက်မီကာလကပင် ပြန်လည်ပြောင်းရွေ့ဝင်ရောက် ခဲ့ကြပြီးယခုချိန်ထိနေထိုင်လျက်ရှိသည်။

ဤသို့နောက်ကြောင်းပြန်ရွေ့ပြောင်းလာမှုကို အချို့က နာဂတို့သည် မူလအားဖြင့်အိန္ဒိယဘက်မှ ပြောင်းရွေ့လာကြသူများဖြစ်သည်ဟု မှားယွင်းစွာမှတ်ယူကြသူများလည်းရှိသည်။ နာဂလင်းဂ်ပြည်နယ်ရှိ နာဂလူမျိုးတို့၏ ရွေ့ပြောင်းမှုသမိုင်းများသည် ယနေ့ကဘော်ချိုမ့်ဝှမ်းအရပ်နှင့်ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင်သာမြစ်ဖျားခံကြသည်ကိုလည်းလေ့လာသိရှိရသည်။ မြောက်ပိုင်းနေနာဂလူမျိုးများသမိုင်းတွင် အိန္ဒိယဘက်မှ ၀င်ရောက်လာ သည်ဟူသော သမိုင်းများမရှိသည်ကိုသတိပြုမိပါသည်။ ပြန်လည်ဝင်ရောက် လာသောအုပ်စုဝင်များကို လေရှီးမြို့နယ်ရှိနာဂမျိုးနွယ်စုများနှင့် လဟယ်မြို့နယ်တွင်းရှိ မျိုးနွယ်စုအချို့တို့ တွင် တွေ့နိုင်သည်။ အချို့က ထမံသီအရပ်များတွင်အခြေချနေထိုင်ကြသည်။

သောင်သွတ်အရပ်မှ အနောက်ဘက်တောင်တန်းများသို့ထွက်ခွာသွားသူများနှင့်မလိုက်ဘဲ အုပ်စုအချို့က ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ဘက်သို့ထပ်မံဆန်တက်သွားကြပြီး ဇင်္ဂလိန်းအရပ်သို့ရောက်ရှိနေ ထိုင်ကြသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနာဂတောင်တန်းဒေသရှိ ထိုအရပ်ကိုနောင်အခါ ဇင်္ဂလိန်းခန္တီးမြို့ ဟုခေါ်တွင်သည်။ ဤအုပ်စုတို့နှင့်လိုက်ပါခြင်းမရှိဘဲ အချို့ကသောင်သွတ်အရပ်တွင်သာကျန်ရစ်နေထိုင် ခဲ့ကြသည်။   နောင်အခါတွင် အနောက်ဘက်မှထပ်မံပြောင်းရွေ့လာသော နာဂမိသားစုအချို့သည်လည်း  ဤအုပ်စုဝင်တို့နှင့် ထပ်မံပေါင်းစည်းနေထိုင်ကာ နောက်ပိုင်းပြောင်းရွေ့လာသူအခြားလူမျိုးစုများ အတွင်းရောနှောပျောက်ကွယ်သွားသည်ဟုယုံကြည်ရပါသည်။ ယခုအခါ ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မောင်းခမ်း၊ ကောယား၊ တဇုံးနှင့်အခြား ကျေးရွာအချို့တို့မှ ဒေသခံတို့က ဌင်းတို့သည် မူလအားဖြင့် အနောက်ဘက်တောင်တန်းများပေါ်မှ ဆင်းသက် လာကြသော နာဂလူမျိုးများဖြစ်ကြောင်းကို Upper Chindwin District, vol-A, pg.24 မှာ ဖော်ပြထားသည် ကိုမှတ်သားဖူးပါသည်။ သို့သော်၊ ယခုအခါနာဂ လူမျိုးများအဖြစ်ထိုအရပ်တွင်မတွေ့ရတော့ချေ။

သောင်သွတ်အရပ်မှ နာဂအုပ်စုများဒေသအသီးသီးသို့ရွေ့ပြောင်းရသည့်အကြောင်းအရင်းကို အတိအကျ မသိ ရှိရသော်လည်း၊ လူဦးရေနှင့်စိုက်ပျိုးမြေမလုံလောက်ခြင်းကြောင့်လည်းကောင်း၊ ဒေသအတွင်းမ တည်ငြိမ်မှုကြောင့်လည်းကောင်း၊ ဖြစ်နိုင်သည်ဟုခန့်မှန်းသည်။ မြောက်ပိုင်းနေတန်ရှန်းနာဂအနွယ်တို့၏ သမိုင်း၌မူ တောင်ပိုင်းအရပ်များမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ပြောင်းရွေ့ကြရခြင်းမှာ တောင်ပိုင်းဒေသများတွင် ရောဂါဘရပေါများခြင်း နှင့်ရာသီဥတုပူပြင်းလွန်းခြင်းတို့ကြောင့်ဖြစ်သည်ဟုဆို သည်။

နိုင်ငံသမိုင်းနှင့်သုသေတနစာစောင်၊ တွဲ-၃ တွင်ဖော်ပြထားသော မှတ်တမ်းများအရ၊ အေဒီ ၇၅၀ တွင် နန်ချောင် ဘုရင် ကိုလိုဖန်း (Ko.Lo.Fen) တပ်များ ဟူးကောင်းလွင်ပြင်ဒေသအားတိုက်ခိုက်ပြန်ရာ ဒေသခံနာဂလူမျိုးများ နှင့် မြောက်ပိုင်းချင်းအုပ်စုများအကြား အနောက်ဘက်ရှိ အာသံအရပ်သို့ ရွေ့ပြောင်း မှုများရှိခဲ့သည်ဟုယုံကြည် ရသည်။

No comments:

Post a Comment