မိုးစောစောချုပ်လို့ပါ
ကျေးလက်ဓလေ့ကိုဓါတ်ပုံရိုက်ဖို့သွားတုန်းက ကျနော်တည်းတဲ့အိမ်မှာ ကလေးတွေတော်တော်လေးများ တာတွေ့လို့ အိမ်ရှင်အမျိုးသမီးကို မေးကြည့်တယ်။ “ဒီကလေးတွေအားလုံးအစ်မတို့ကလေးတွေလား--“ အပြင်မှာကစားနေတဲ့ကလေး ၁၁ ယောက်လောက်ကိုကြည့်ရင်း..အိမ်ရှင်က.. ”သြော်..ဟုတ်ပါတယ်…ဒီမှာ က မိုးအစောကြီးချုပ်တယ်လေ…” သြော်….ဒီလိုလား….
ရန်ကုန်မြို့ကိုရောက်လာတဲ့ နယ်ကကောင်လေးတစ်ယောက်က၊ မုံ့ဟင်းခါးစားဖို့ဆိုင်ထဲဝင်သွားသတဲ့။ ဆိုင် ရှင်က သူ့ကို “ဘာနဲ့စားမှာပါလဲရှင်” ဆိုတော့၊ သူပြန်ဖြေလိုက်ပုံက “ဇွန်းနဲ့စားမယ်” ပါတဲ့ခင်ဗျား… နောက်နေ့မှာတော့၊ သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းဖြစ်သူကို သူတစ်ခါရောက်ဖူးတဲ့ လဖက်ရည်ဆိုင် ထဲကို ခေါ်သွားတဲ့အခါ၊ ဆိုင်ရှင်ကသူ့သူငယ်ချင်းကိုမေးပါတယ်... ”ဘယ်လိုသောက်မှာလဲပါလဲခင်ဗျာ” ဆိုတော့၊ ကောင်လေးက “ခွက်နဲ့ပဲသောက်လိုက်ပါ့မယ်” တဲ့….။
အိမ်မှုပဲထမ်းတော့မယ်
ရန်ကုန်က ၄၅ ဘတ်စ်ကားပေါ်မှာ မိန်းခလေးနှစ်ယောက်တီးတိုးပြောနေကြသံကြားလို့စိတ်ဝင်စားတာနဲ့ အနားကပ်နားထောင်ကြည့်လိုက်တော့၊ လတ်တလောထွက်ပေါ်နေတဲ့ စစ်မှုမထမ်းမနေရဥပဒေမူ ကြမ်းနဲ့ပတ်သက်ပြီးအတင်းခုတ်နေကြလေရဲ့… ကောင်မလေးတစ်ယောက်က သူ့ဘေးကသူငယ်ချင်း ကိုမေးတယ်..”ဟဲ့..ဟဲ့..နင်စစ်မှုထမ်းဖို့ဘယ်လိုသဘောရသလဲ”…သူ့သူငယ်ချင်းက ”ဟာ..နင်ကလဲ…စိတ်မပူပါနဲ့..ငါကစစ်မှုမထမ်းချင်လို့ အိမ်မှုထမ်းဖို့ ပြင်ပြီးသွားပြီဟဲ့..” တဲ့။ သြော်..သူတို့တိုင်းပြည်ကိုချစ် ပုံ ကလည်း တစ်မျိုးလေးပါလားနော်…
No comments:
Post a Comment